Wednesday, July 16, 2014

*ညောင်ကန်ဆရာတော် ဦးဗုဓ်*(တတိယပိုင်း)


နန်းမတော်မယ်နု အနေဖြင့် ၁၈ နှစ်ကြာမျှ ဖန်နန်း
ရှင်နှင့် အတူစိုးစံခဲ့ရာ ယခုတိုင် မြန်မာတို့ အဓိက
ရ ကိုးကွယ်လျှက်ရှိသော ကုသိုလ်တော်များမှာ
သူ့လက်ထက်က စတင် ထုလုပ် ပြုစုခဲ့ခြင်း ဖြစ်
သည်။
(၁) ပုထိုးတော်ကြီး-အမရပူရ
(၂) နန်းတွင်းအုတ်ကျောင်း-အင်းဝ
(၃) မဟာသကျသီဟ ရုပ်ပွားတော် -မန္တလေး
(၄) ရှင်ဖြူရှင်လှ စေတီ နှင့်စောင်းတန်း-စစ်ကိုင်း
(၅) ကြေးချိန် တစ်သိန်း ခေါင်းလောင်း -အမရပူရ
(၆) အနောက်တိုက်ဘုရားကြီး -ဖလံခုံရွာ
(၇) မြန်မာဇရပ် -ဗုဒ္ဓဂါယာ
*
ကုန်းဘောင်မင်း နန်းတက်သောအခါ အင်းဝမှ အ
မရပူရသို့ ပြောင်းရွှေ့စံနေတော်မူသည်။ ဆရာ
တော် ဦးဗုဓ်ကိုလည်း မဟာမြတ်မုနိ အရှေ့ဘက်
ရှိ ညောင်ကန်ကျောင်းကြီးသို့ ပင့်ဆောင်ကိုးကွယ်
သည်။ ထိုမင်းလက်ထက် တစ်နှစ်အကြာတွင်
စကြာမင်းသားနှင့် မိသားစု တို့ ရေချ ကွပ်မျက်ခဲ့
သည်။ သုံးနှစ်အကြာ ၁၂၀၂ ခုတွင် မယ်နုကို နောင်တော် နန်းကျဘုရင်နှင့်အတူ ထားရာမှ ပုန်
ကန်ရန် ကြံစည်မှုနှင့် ရေချ စီရင်ရန် အမိန့်တော်ရှိ
သည်။
ထိုအခါ မယ်နုက မြို့ဝန် နှင့်အာဏာသားတို့
အား `ငါသည် ဤဘဝ၌ မြင့်မြတ်သော အခြေအ
နေသို့ ရောက်ရှိခံစားခဲ့ရပြီး မရေမတွက်နိုင်သော
ကောင်းမှုကုသိုလ်များလည်း ပြုစု အားထုတ်ခဲ့ရပြီ
သေရမည်ကို တွေးဆ ပူပန်ခြင်း ၊ကြောက်ရွံ့ခြင်း
မရှိလှပါ။ သို့သော် ငါ ကိုးကွယ်သော၊ဆရာရင်း
ဖြစ်သော ဦးဗုဓ်ကို နောက်ဆုံး ဖူးမြော် ကန်တော့
လိုသည်။ မင်္ဂလာဘုံကျော်တိုက်သို့ ငါ သွား
ရောက်နိုင်ရန် အခွင့်ပေးနိုင်ကြမလား ´ ဟု မေးရာ
မြို့ဝန် ကလည်း ရှေးက ကျေးဇူးတော်များကို
ထောက်မြော်ကာ အခွင့်ပေးပေသည်။ ဆရာတော်ထံ ရောက်အောင် ပို့ဆောင်ပေးကြ
သည်။
ဆရာတော်ကား စာကြည့်နေခိုက် ဖြစ်သည်။
မယ်နုက ဦးချကာ `ဘုရားတပည့်တော်မသည်
ကုန်းဘောင်မင်း၏ဘုန်း ဖုံးအုပ်လာ၍ သူ၏အာ
ဏာစက်ဖြင့် အဆုံးစီရင်ခြင်း ခံရပါတော့မည်။
ဤနေ့ကား ဆရာတော်ဘုရားကို နောက်ဆုံး ဖူး
မြော်ကန်တောု့ခြင်း ဖြစ်ကြောင်းပါ ဘုရား ´ ဟု
လျှောက်တင်၏။
ဆရာတော်သည် စာကြည့်နေရာက မယ်နု ရှိ
ရာဘက်သို့ မျက်နှာမူပြီးလျှင် `မိနု ၊သူ့ကြွေးရှိလျှင်
ဆပ်ရလိမ့်မည် ´ဟု အမိန့်ရှိတော်မူလိုက်သည်။
ကျောင်းအမ မယ်နု လည်း ဆရာတော်ကို ရှိခိုးဦး
ချကာ ကျောင်းပေါ်မှဆင်းခဲ့၏။
လှေကားမှ ဆင်းလာရင်း မယ်နုက `တော်ပြီ၊
တော်ပြီ။ ငါသေပျော်ပြီ၊သေဝံ့ပြီ၊သေရဲပြီ။ဆရာ
တော်ဘုရားကို နှစ်ပေါင်းများစွာ ကိုးကွယ် ဆည်း
ကပ်ခဲ့ရာ ဘယ်အခါမျှ ငါ့နာမည်ကို ခေါ်၍ စကား
လည်း မပြောဖူး။ တရားလည်း မဟောဖူး။ ဤကဲ့သို့ စာကြည့်နေရာက နေ၍ ငါရှိရာဘက်သို့
လှည့်ပြီး ကြည့်ရှုဖူးသည်လည်းမရှိ။ သည်ကနေ့မှ
ပဲ ငါ့ဘက်လှည့်တယ်၊ငါ့နာမည်ကို ခေါ်တော်မူ
တယ်။ ဟောလိုက်တဲ့ တရားကလည်း (မိနု သူ့
ကြွေးရှိလျှင် ဆပ်ရလိမ့်မည်) တဲ့။ တော်ပြီ၊ တော်
ပြီ၊သေလမ်းဖြောင့်ပြီ။ ငါ့ကို ဆရာတော်က သေစ
ရိတ် ပေးလိုက်ပြီ´ ဟု ထပ်တလဲလဲပြောကာ ဝမ်း
မြောက် ဝမ်းသာစွာနှင့် အာဏာသားတို့ ခေါ်
ဆောင်ရာသို့ မျက်နှာညိုးငယ်ခြင်းမရှိပဲ ရဲရဲကြီး
လိုက်ပါသွားလေသည်။
*
အမရပူရမြို့ ထိပ်မှ မဟာမြတ်မုနိဘုရား ရှေ့
တော်အထိ ရှေးက အုတ်လမ်းတစ်ခု ခမ်းနား
ဖြောင့်တန်းစွာဖောက်လုပ်ထားသည်။ ထိုလမ်းအ
တိုင်း လှည်းနှင့် မယ်နုကို တင်ဆောင်ကာ နန်းတွင်းကြေးတိုက်သို့ ပြန်ပို့သည်။ မယ်နက ဆ
ရာတော်၏ တစ်ခွန်းတည်းသော တရားတော်ကို
စားမြုံ့ပြန်ကာ ကြာလေ သလောပေါက်လေ ဝမ်း
သာလေ ဖြစ်နေ၏။
`သူ့ကြွေးရှိလျှင် ဆပ်ရလိမ့်မည် ´ တရားမှာ
လည်း ဗုဒ္ဓဘာသာ ကျင့်ထုံးအစစ်ပင်။ သံသရာ၌
အချင်းချင်း ရန်ငြိုးဖွဲ့ကာ ဘတစ်ပြန် ကျားတစ်ပြန်
တိုက်ခိုက် ညှင်းဆဲခြင်း၏ အကျိုးကျေးဇူးကား အ
ဘယ်နည်း။ ဤရန်ကြွင်းရန်စ ကြွေးများကို ရှင်းပြစ်
ရမည်။
ကုန်းဘောင်မင်းက မည်သို့ပြုကျင့်စေကာမူ ငါ
ကား ဆပ်ရန်ရှိသော ကြွေးကို အမြန်ဆပ်မည်။ ငါ
သည် ငါ့အသက်နှင့် ကြွေးဆပ်ကာ ရှင်းလင်း
သောဘဝသစ်ကို ယနေ့ပင် ထူထောင်တော့အံ့။
ဆရာတော်ဦးဗုဓ်၏ စကားတစ်ခွန်းကား ထိုမျှ
ပင် တာသွားပေ၏။ မယ်နုက သူပြုခဲ့သော ကောင်းမှုတို့အတွက် ရေခွက်နှင့်အပြည့် ကုသိုလ်
တွေ အများကြီး ရမည်ဟု မှတ်ထင်ခဲ့သည်။ သို့
သော် ဆရာတော်က ထိုရေကို သွန်ပြီးနောက်
ခွက်၌ ကပ်ကျန်နေသော ရေတစ်စက်၊နှစ်စက်
လောက်သာ ရလျှင် တော်လှပြီ ဟု တစ်ချိန်က
ဟောခဲ့သည်။ ဟုတ်ပါသည်၊ ယခု ဆရာတော်၏
စကားတစ်ခွန်းသည် ထိုရေတစ်စက်နှင့် တူပါသည်။ တော်ပါပြီ ၊ မိမိ ဝမ်းသာလှပါသည်၊
ကျေနပ်လှသည်။
မယ်နုကို ရေချရာ အရပ်ကား ဧရာဝတီ မြစ်
ဆိပ် မဟုတ်ချေ။ တောင်သမန်အင်း၏ အရှေ့မြောက် ထောင့် ၊မယ်ဘယက်ကုန်း ကမ်း
စပ်တွင် ရေချခဲ့သည်။ သူနှင့်မောင်တော် ဖန်နန်း
ရှင်တို့ အကျယ်ချုပ် စံမြန်းရာ နန်းတွင်းအိမ်တော်
နှင့်မဝေးလှပါ။ ယခုအခါ ထိုအိမ်တော်နေရာတွင်
ဖန်နန်းရှင်၏ သင်္ချိုင်း ဂူတော် ရှိနေ၏။ ထိုဂူသည်
မယ်နု ရေချရာ အရှေ့ဘက်ဆီသို့ မျက်နှာမူလျှက်
ရေကသိုင်း ရှုနေဟန် ရှိသည်။

ညိုမြ
ကုန်းဘောင်ရှာပုံတော်

No comments:

Post a Comment