Wednesday, July 16, 2014

ဒီတစ်ခါတော့ ဦးသိန်းဖေမြင့်ကို လွမ်းတယ်

ဒီခေါင်းစဉ်ကို ဖတ်ပြီး ဦးသိန်းဖေ မြင့်နဲ့ ရင်းနှီးတဲ့သူလို့ ထင်စရာရှိတယ်။ ပြောရရင် ဆရာသိန်းဖေမြင့်ကို တစ်ခါ မှ(သက်ရှိထင်ရှား)မတွေ့ဖူးပါဘူး။ သူ့ စာတွေ အတော် များများကို ဖတ်ဖူးပြီး စာထဲကတစ်ဆင့် သူ့အကြောင်းကို သိ ခဲ့၊ သူ့အတွေးအမြင်တွေကို နားလည်ခဲ့ တာပါ။ လောကကြီးမှာ ရင်းနှီးကျွမ်းဝင် တဲ့လူကိုမှ လွမ်းဆွတ်လို့ ရတာလား။ လူ ချင်းမရင်းနှီးပေမယ့် သူ့စာတွေကို ရင်း နှီးခဲ့သူတစ်ယောက်အနေနဲ့ တိုက်ဆိုင် မှုတွေ ရှိလာရင် သတိရခွင့်၊ လွမ်းခွင့် ရော မရှိဘူးလား။
အတိတ်က အသံ
ဒီရက်ပိုင်းထဲမှာ ‘ဘုတလင်မှ အသံ’ ဆိုတဲ့ စာအုပ်လေးကို ဖတ်ဖြစ်ခဲ့ တယ်။ ‘၁၉၅၆-၅၇ ခုနှစ်၊ ပါလီမန်ပြည် သူ့လွှတ်တော်အတွင်း အမတ် တစ်ဦး၏ ဝေဖန်တင်ပြချ က်များ’လို့စာအုပ်အဖုံး မှာ ရေးထားတာ တွေ့ရတယ်။ အဲဒီ အမတ်တစ်ဦးဆိုတာ ဘုတလင် အမတ် ဦးသိန်းဖေမြင့်ဖြစ်ပြီး (အတွင်းထဲက ဖော်ပြချက်ေ တွအရ)အမျိုးသားညီညွတ်ရေးတပ်ပေါင်းစုရဲ့ လွှတ်တော်အမတ်လို့ လည်း သိရပါတယ်။ ကျွန်တော်တို့တိုင်းပြည်မှာ လွတ် လပ်ရေးရပြီးတဲ့ ၁၉၄၈ကနေ ၁၉၆၂ ခု နှစ်အထိပါလီမန်ဒီမိုကရေစီစနစ် (ပါ တီစုံစနစ်) ကို ကျင့်သုံးခဲ့တယ်။ အဲဒီ ကြားထဲမှာ ၁၉၅၈-၆ဝ ညကာလဟာ ပထမ အကြိမ် စစ်အာဏာသိမ်းမှုဖြစ်ခဲ့တဲ့ ကာလ လို့ နိုင်ငံရေးလောကမှာအသိ အမှတ်ပြုထားတယ်။ စစ်တပ်က နိုင်ငံ တော်ကာကွယ်ရေးတာဝန်ကို ယူနေ တာကနေ တိုင်းပြည်အုပ်ချုပ်ရေး တာ ဝန်တွေကို ကျူးကျော် ဝင်သိမ်းယူတဲ့အစဦးဆုံးကာလလို့ သတ်မှတ်ထားကြ ပါတယ်။
ဦးသိန်းဖေမြင့်ဟာ ပြည်သူ့ညီ ညွတ်ရေးပါတီရဲ့ အထွေထွေအတွင်းရေး မှူးဖြစ်ခဲ့ပြီး ဘုတလင် မဲဆန္ဒနယ်က အမတ်ဖြစ်ခဲ့တယ်။ လွှတ်တော်ထဲမှာ အမတ်တစ်ယောက် အနေနဲ့ဆွေးနွေးခဲ့၊ ဝေဖန်တင်ပြခဲ့တာတွေဟာ ဒီကနေ့ ခေတ်ပါလီမန် စနစ်အတွက်ပါ စဉ်းစား စရာ ကောင်းတာတွေ ဖြစ်နေသေးတာ မို့ ‘ဘုတလင်မှအသံ’ စာအုပ်ထဲက တ ချို့ စကားလေးတွေကို ထုတ်နုတ်ပြချင် ပါတယ်။ ဒါကို ဖတ်ပြီးရင် ကျွန်တော်က ဘာကြောင့် ဦးသိန်းဖေမြင့်ကို လွမ်းရ တယ်ဆိုတာကို နားလည်နိုင်ကြ လိမ့်မယ်ထင် ပါရဲ့။
အနိုင်မကျင့်စတမ်း
၁၉၅၆ ခုနှစ်၊ ပြည်သူ့လွှတ်တော် ပါလီမန် ဥက္ကဋ္ဌ ရွေးပွဲမှာ ပြောခဲ့တဲ့ ဦးသိန်းဖေမြင့်ရဲ့ ထောက်ခံချက်ထဲက စကားတချို့ကို ပထမဆုံးထုတ်ပြချင် ပါတယ်။ အဲဒီကာလမှာ ဖဆပလအဖွဲ့ချုပ်က အာဏာရနေပြီး ဦးသိန်းဖေမြင့် အပါအဝင် ပမညတတွေက လွှတ်တော် ထဲမှာ အင်အားကောင်းတဲ့ အတိုက်အခံ ဖြစ်နေတဲ့ကာလပါ။ ”ကျွန်တော် တို့ဟာ ဒီမိုကရေစီကိုယုံကြည်တဲ့လူတွေ ဖြစ်ပါတယ်။ တစ် ဖက်ကလည်း ယုံကြည်တယ်လို့ အကြိမ် ကြိမ်ပြောပြီးသား ဖြစ်ပါတယ်။ ကျွန် တော်တို့လည်း ယုံကြည်ပါတယ်။ မိ ကျောင်းမင်း ရေခင်းပြသလို ပြောဆို ချင်တဲ့ သဘောမဟုတ်ပါဘူး။ သို့သော် လည်း ကျွန်တော် သတိပေးတဲ့ အနေနဲ့ ဒီမိုကရေစီ ဆိုတာ မဲသာရုံနှင့်၊ များရာ နိုင်ရုံနှင့် ဒီမိုကရေစီ မဟုတ်ဘူးဆိုတာဥက္ကဋ္ဌကြီးမှတစ်ဆင့် သတိပေးလိုပါ တယ်။ အဲသည်တော့ သည်လွှတ်တော် ထဲမှာ အမတ်အရေအတွက် များလို့၊ နည်းလို့၊ များသူက နည်းသူ ကို အနိုင်ကျင့်စတမ်းဆိုတဲ့သဘောမထားဘဲ ကျွန်တော်တို့ရဲ့ ဝေဖန်တာကို လေး လေးစားစား နားထောင်နိုင်ဖို့နှင့် ကျွန် တော်တို့လည်း အနိုင်ကျင့်မခံရအောင်၊ အများစု က အနည်းစုကိုအနိုင်ကျင့်တဲ့ သဘောမဖြစ်စေအောင်ဟာ ဥက္ကဋ္ဌကြီး က ထိန်းပေးဖို့ ကျွန်တော်တို့ မျှော်လင့် ပါတယ်” (စာ၊ ၈-၉)
ဒီစကားကို ပြောခဲ့တာက ၁၉၅၆ ခုနှစ်တုန်းကပါ။ ကျွန်တော်တို့ တိုင်း ပြည်မှာ စစ်အာဏာရှင်စနစ်ကို မြေစမ်း ခရမ်းပျိုးချိန် ကာလမတိုင်ခင်ကပါ။ မဆလ၊ နဝတ၊ နအဖ စစ် အစိုးရတွေမတိုင်ခင်ခေတ်ကပါ။ လွှတ်တော်ထဲမှာ မိုးကျရွှေကိုယ်စစ်တပ်အမတ်တစ်မတ်သား (၂၅ ခိုင်ရာနှုန်း)က အခန့်သား ဝင်မထိုင်ခင် ဟိုးအစောပိုင်း တုန်းက ပါ။တိုင်းပြည်လွတ်လပ်ရေးအတွက် ကြိုး ပမ်းခဲ့သူတွေထဲကပဲ အစိုးရဖြစ်သူဖြစ်၊ အတိုက်အခံဖြစ်သူဖြစ်၊ သူပုန်ဖြစ်သူဖြစ် နေတဲ့ ခေတ်ကာလတုန်းကပါ။ ၂ဝဝ၈ ဖွဲ့စည်း ပုံနဲ့ ဖြစ်နေတဲ့ ဒီကနေ့ လွှတ်တော်ကို ဦးသိန်းဖေမြင့် ပြောခဲ့တဲ့ စကားနဲ့ နှိုင်းယှဉ်စဉ်းစားမိရင် မြင်နိုင်တာတွေ မြင်မိကြမယ် ထင်ပါ တယ်။ တချို့ သဘောထား အမြင်တွေ ဟာ ခေတ်တွေပြောင်းပေမယ့် ဟောင်း နွမ်းသွားတာမျိုး မရှိတတ်တာကိုပါ သတိပြုနိုင်ကြမယ်ထင်ပါရဲ့။
လူထုအကျိုးသာ အဓိက
ဦးသိန်းဖေမြင့်က ပါလီမန်ပြည်သူ့ လွှတ်တော်ထဲမှာ ဝေဖန်ဆွေးနွေးတာ တွေနဲ့ ပတ်သက်တဲ့ သဘောထားကို ပြောခဲ့တာကလည်း စိတ်ဝင်စားစရာပါ။ ”..ကျွန်တော် တို့ က ဝေဖန်မည်။ ဝေဖန်တဲ့အခါမှာ ဓမ္မဓိဋ္ဌာန်ကျကျနှင့် ဝေဖန်နိုင်အောင် ကြိုးစားမည်။ ဓမ္မ ဓိဋ္ဌာန်ကျကျနှင့် ဝေဖန်တယ်ဆိုတာ လူထု အကျိုးရှိတာ၊ မရှိတာအပေါ်မှာ မှတ်ေ ကျာက်ထားပြီး ဝေဖန်တာကို ဓမ္မ ဓိဋ္ဌာန်ကျကျနှင့် ဝေဖန်တယ်လို့ ခေါ်ပါ တယ်။” (စာ-၉)
လွှတ်တော်တစ်ခုခုထဲ ရောက်နေ တဲ့ အမတ်တိုင်းဟာ မဲဆန္ဒနယ်အသီးသီးက တက်လာကြသူတွေ ဖြစ်ပါတယ်။ (ဒီကနေ့ခေတ် လွှတ်တော်တွေထဲက တစ်မတ်သား အမတ်များကတော့ ခြွင်း ချက်ပါ။) မဲဆန္ဒနယ်တွေကနေ တက် လာတဲ့ အမတ်တွေဟာ ဘယ်နည်းနဲ့ အမတ်ဖြစ်လာဖြစ်လာ၊ သူတက် လာတဲ့ ဒေသေ တွက ပြည် သူတွေ အတွက် မား မားမတ်မတ် ရပ်ပြီး ပြည်သူလူထုအကျိုး ရှိစေမယ့် စကားတွေကိုပဲ ပြောဆိုဆွေး နွေးကြရမှာပါ။ ဦးသိန်းဖေမြင့်ရဲ့ စကား ကတော့ ရှင်းပါတယ်။ ‘ပြည်သူလူထု အကျိုးရှိတာ၊ မရှိတာ အပေါ်မှာ မှတ်ကျောက်ထားပြီး ဝေဖန်တာ’ ဖြစ်ပါ တယ်…တဲ့။ လူထု အကျိုးရှိမယ့် ကိစ္စ ကို အစိုးရက တကယ် လုပ်ရင် ထောက် ခံ မယ်။ လူထု အကျိုးနဲ့ဆန့်ကျင်တဲ့ ကိစ္စ ဆိုရင်ပြည်သူတွေရဲ့ကိုယ်စားကန့်ကွက် သွားမယ်လို့ပါ ပြောထားပါသေးတယ်။ ဒီလို သဘောထားမျိုးရှိပြီး တ ကယ့် လက်တွေ့ မှာ လည်း ပြောတဲ့ အတိုင်း လုပ်တဲ့ အမတ်မျိုးကိုရွေးချယ်ပေးခဲ့ ကြတဲ့ ပြည်သူလူထုတွေအတွက်ကတော့ ကျေနပ်စရာပါပဲ။
ဒီကနေ့ လွှတ်တော်ထဲမှာ အဲဒီလို အမတ်မျိုးတွေရှိနေပါပြီ။ ဘယ်နှယောက် ရှိပြီး လွှတ်တော်တစ်ခုလုံးရဲ့ ဘယ်နှရာ ခိုင်နှုန်းရှိနေပါပြီလဲ။ ‘မဲပေး ရွေးချယ်မိ တာ မှားပါပြီ’ လို့ပြည်သူလူထုက ရင် ထုမနာဖြစ်ရတဲ့ အမတ်မင်းတွေဟာ လွှတ်တော်ထဲမှာ ဘယ်နှရာခိုင်နှုန်းကြီး များတောင် ရှိနေပါပြီလဲ။ ပြည်သူလူထု ဆိုတဲ့စကားလုံး ကိုတွင် တွင် သုံးပြီး ကိုယ်ကျိုးစီးပွား၊ အုပ်စုအကျိုးစီးပွားနဲ့ သူတို့ ကို သူကောင်းပြုထားတဲ့ ပုဂ္ဂိုလ်ကြီးများ ရဲ့ အကျိုးစီးပွားအတွက်ပဲ ကာကွယ် ပြော ဆိုနေကြ သူတွေနဲ့ ပြတ်ြ ပတ် သား သား မရပ်တည်ရဲဘဲနှာစေးချောင်းဆိုး ဖြစ်နေတဲ့ လူမမာအမတ်မင်းတွေက လွှတ်တော်တွေမှာ အားကောင်းမောင်း သန်နေရာ ယူထားကြ ပါသလား။ ဒါက လည်း စဉ်း စားကြရမယ့် မေးခွန်းတွေ ဖြစ်ပါတယ်။
ငြိမ်းချမ်းစွာ ယှဉ်ပြိုင်မယ်
ဦးဗဆွေကို ဝန်ကြီးချုပ် တင် မြှောက်ပြီးတဲ့အချိန်မှာ ဦးသိန်းဖေမြင့် ရဲ့ ဆွေးနွေးချက်ကို ‘ပါလီမန်ဝေဖန် ချက်များ’ ဆိုတဲ့ ခေါင်းစဉ်နဲ့ဖော်ပြထား တယ်။ ဦးဗဆွေက ပြည် တွင်းစစ်ကြီးဖြစ်နေတာဟာ ဂိုဏ်းဂဏဝါဒတွေ ပြင်း ထန်ပြီး နိုင်ငံရေး သဘောကွဲလွဲတာ ကြောင့်လို့ ရေးဖူးပါတယ်..တဲ့။ ဦးနု ကလည်း နိုင်ငံရေး သဘောကွဲလွဲမှုဟာ အဓိက အကြောင်းဖြစ်တယ်လို့ မိန့်ခွန်း ပေးခဲ့ပါတယ်..တဲ့။ ဦးသိန်းဖေမြင့်က အဲဒီအချက်တွေကို ထောက်ပြပြီး
”…နိုင်ငံရေး သဘောကွဲလွဲခဲ့ လို့ရှိရင် နိုင်ငံရေးသဘောတူညီမှု ရ အောင် ဆွေးနွေးရမည်၊ စေ့စပ်ရမည် ဆိုတာ မရှောင်သာတဲ့ လုပ်ငန်းတစ်ရပ် ဖြစ်ပါတယ်။” (စာ-၂၇)လို့ အကြံပြုဆွေးနွေးခဲ့တယ်။ အဲဒီကာ လတုန်းက သူပုန်တွေ တောင်းဆိုနေတာ ကိုလည်း လွှတ်တော်ထဲမှာ ဦးသိန်းဖေ မြင့်က ဒီလိုပြောခဲ့ပါတယ်။ ”သူတို့တောင်းနေတာက ငြိမ်းငြိမ်း ချမ်းချမ်းနှင့် သည်မှာလာပြီး ဖဆပလ နှင့် မတူတဲ့ဝါဒကိုလည်း ငြိမ်းငြိမ်းချမ်း ချမ်းနှင့် ယှဉ်ပြိုင်ချင်တယ်။ ဒီမိုကရေစီ အခွင့်အရေးကို တင်းပြည့်ကျပ်ပြည့် ဘယ် အထိရမည်ဆိုတဲ့အနေနဲ့ တောင်း ဆိုခြင်းဖြစ် တယ်ဆိုတာ ကျွန်တော်တို့ သိနေရပါတယ်” (စာ-၃၁)
အဲဒီတုန်းက သူပုန်တွေဘက်က တောင်းဆိုတာဟာ တရားမျှတမှုရှိတယ်။ ဒါပေမဲ့ ပြည်တွင်းစစ်ကြီး ဆက်ဖြစ်ခဲ့ တယ်။ ပြည်တွင်းစစ်ကြောင့် စစ်တပ်က တန်ခိုးထွား လာပြီး နောက်ဆုံးမှာစစ် အာဏာရှင်စနစ်ကို ထူထောင်သွားခဲ့ တယ်။ ဒီနေရာမှာ ပြည်တွင်းစစ်၊ စစ် တပ်တန်ခိုးထွားမှုနဲ့ စစ်အာဏာရှင်စနစ် ဆိုတာဟာ ကွင်းဆ တွ ဖြစ် တယ် ဆိုတာသတိပြုမိကြပါလိမ့်မယ်။
ဒီကနေ့ခေတ်မှာလည်း သူပုန် တွေ၊ အတိုက်အခံ အဖွဲ့အစည်းတွေနဲ့ အစိုးရတို့ကြားမှာ နိုင်ငံရေးဆွေးနွေးဖို့ ပြင်ဆင်ပြောဆိုနေကြပါပြီ။ စစ်ပွဲတွေ၊ ပြင်းထန်တဲ့ ပဋိပက္ခေ တွ ချုပ်ငြိမ်းဖို့ဆိုရင် နိုင်ငံရေးအရ သဘောတူညီချက် တွေရှိလာဖို့ လိုပါတယ်။ ဒီအဆင့်ရဖို့ ဆိုတာ အပြောလွယ်သလောက် အလုပ် ခက်တယ်ဆိုတာ နားလည်ပါတယ်။ ကိုယ်ကျိုးနဲ့အုပ်စုအကျိုးကို မကြည့်ဘဲ တိုင်းပြည်အကျိုးကို (တကယ်) ကြည့်ပြီး ဆွေးနွေးနိုင်မှ အဆင်ပြေနိုင်မယ်ဆိုတာ ကိုလည်း သဘောပေါက်မိပါ တယ်။တိုင်းပြည် အနာဂတ်အရေးကို တွေးပြီး ဆွေးနွေးကြလိမ့်မယ်လို့ ထင်ပါသလား။
လေနည်းနည်းလျှော့
‘ဘတ်ဂျက်ဝေဖန်ချက်’ ထဲမှာ တော့ ဦးသိန်းဖေမြင့်က ဒီလိုထောက်ပြ ခဲ့ပါတယ်။ ”…နိုင်ငံအစိုးရခေါင်းဆောင် တွေရဲ့ စကားတွေ၊ လေလုံး ထွားထွား ပြောမှုေ တွကြော င့် ပြောတော့ မိုး လောက်၊ ဖြစ်လာတာက အဝီစိစိုက်ဆင်း နေသလို ဖြစ်ပါတယ်။ ဒါတွေကိုလည်း မေ့လို့မရပါဘူး” (စာ-၆၁)သူ့ခေတ်ကို ဦးသိန်းဖေမြင့် က ပြောေ နတာ ဖြ စ်ပေမယ့် အခုဖတ်နေရ တဲ့ ကျွန်တော်တို့အနေနဲ့ ကျတော့ ကျွန်တော်တို့ခေတ်က အစိုးရခေါင်း ဆောင်တွေ ကို ပြောနေသလို လိုတောင် ထင်မိနိုင်ပါ တယ်။ အဲဒီ လို ထင် မိတဲ့သူ တွေထဲမှာ စာဖတ်သူရော ပါနေပါသ လားခင်ဗျာ့။
ဒါကြောင့်လွမ်းတာ
ဦးသိန်းဖေမြင့်ရဲ့ ‘ဘုတလင်မှ အသံ’ စာအုပ်ထဲက ထုတ်ပြချင်တာတွေ ရှိပါသေးတယ်။ ဒီခေတ်အခြေအနေနဲ့ နှိုင်းယှဉ်စဉ်းစားကြည့်နိုင်အောင်ပါ။ အခုတော့ ဦးသိန်းေ ဖမြင့်ရဲ့ ဒီဆွေးနွေးချက်လေးနဲ့ပဲ ဆောင်းပါးကို နိဂုံးချုပ်ပါ ရစေ။ ”…..ပြည်သူလူထု မကျေ မနပ်ဖြစ်ရတာဟာ တကယ့်အကြောင်း ရင်း၊ အကြောင်းခံတွေရှိတယ်။ အဲသည် အချက်ကိုအသိအမှတ်ပြုပြီး ကိုယ်ချင်း စာနာတရားနှင့် ဖြေရှင်းဖို့ ကျွန်တော် အစီရင်ခံရခြင်း ဖြစ်ပါတယ်။ အဲသည် လို မဖြေရှင်းဘဲနဲ့ ပြဿနာတစ်ရပ် ပေါ် လာ လျှင်၊ လူထုလှုပ်ရှားမှုတစ်ရပ် ပေါ် လာလျှင် သုံးတဲ့နည်းတွေမှာ ဖိနှိပ်တဲ့ နည်းတွေ မသုံးဖို့ အရေးကြီးပါတယ်။” (စာ-၆၆)
ဒီလောက်ဆိုရင် ကျွန်တော်လွမ်းရ တဲ့ အကြောင်းကို နားလည်နိုင်မယ်ထင်ပါရဲ့။
နောင်ကျော်(ပေါ်ပြူလာဂျာနယ်)

No comments:

Post a Comment