မြန်မာ့ သူရဲကောင်း စစ်သူကြီး မဟာဗန္ဓုလ
ရှေးအခါ …ဗဒုန်ဝန်မင်း ရုံးစိုက်ရာ အလုံတိုက်နယ်မှာ …အထက်တိုက် ၊
အောက်တိုက် ၊ အရှေ့ တိုက်ဆိုပြီး ရှိတဲ့ အနက် အထက်တိုက်မှာ အပ်အ၀င်ဖြစ်တဲ့
ငပယင်း ရွာလို့ခေါ်တဲ့ ပန်းရင်း ရွာကလေး ရှိခဲ့ပါတယ် ..
ရွာလယ်မှာရှိတဲ့ ခြံငယ်နဲ့ အိမ်ကလေးတစ်ဆောင်မှာ…ကိုပေါက်တော နဲ့ မမိငြိမ် ဆိုတဲ့ ဆင်းရဲနွမ်းပါးသူ လင်မယား ရှိခဲ့ပါတယ်။
ဘိုးတော်ဘုရား နန်းသက် တစ်နှစ်မပြည့်မီမှာ သူပုန် ငပုန်း(ခေါ်)ငရွှန်းငယ် ရဲ့
ရန်ကို ရှင်းလင်းသုတ်သင်နေဆဲ ကာလ သက္ကရာဇ် ၁၁၄၄ ခုနှစ် ၊
တန်ဆောင်မုန်းလဆန်း(၁) ရက် ဗုဒ္ဒဟူး နေ့ နံနက် မှာဘဲ မျက်နှာဖုံး အိတ်စွပ်၊
အချင်း စလွယ်သိုင်း လျက် တစ်ကိုယ်လုံး အချင်းတွေ ရစ်လို့ ဆိုတဲ့ စကား မီးနေ
လာမေးသူများ ပြောရလောက်အောင် ဖြစ်ခဲ့တဲ့ …ငရစ် …..လို့ အမည်တွင်မဲ့
ကလေးတစ်ယောက် မွေးဖွားခဲ့ပါတယ် ။
ရွာဦးဘုန်းတော်ကြီးက တွက်ချက်ပြီး ….တကာ ကိုပေါက်တောရဲ့ သားဟာ ဘယ်နေရာမဆို
ဆောင်ရွက်လျှင် သူတကာ တို့ထက် လွန်ကဲအောင် ဆောင်ရွက်လိမ့်မည် ၊
ရဲရင့်တည်ကြည် ထက်မြက်သောစိတ် ရှိမည် ၊ လက်ရုံးရည် နှလုံးရည်နှင့်
ပြည့်စုံပြီး ငရစ် ဟူသော အမည်မှာ နေ့နံသင့်သည့် အပြင် ဖွားမြင်စ နမိတ်
အမည်ဖြစ်သဖြင့် ကောင်းသော အမည်ဖြစ်ကြောင်း ဆရာတော် ဟောကြားချက်အရ
ကိုပေါက်တော မှာ ၀မ်းသာ အားရ ဖြင့် ဇနီးသည်ကို ပြန်ပြောပြခဲ့သလို
သားဦးလည်း ဖြစ်တာကြောင့် ရူးမတတ် ချစ်ကြပါသတဲ့။ မောင်ရစ်ကို မွေးပြီး
မောင်ဧ ၊ မယ်ဒုတ် ၊ ငမြတ်နေ ဆိုပြီး သားနှစ်ယောက် သမီးတစ်ယောက်
ဖွားဖြင်ခဲ့ပါတယ် …
မောင်ရစ် အသက် ခုနစ်နှစ်အရမှာ ရွာဦး ဘုန်းတောကြီးထံမှာ ပညာသင်ပါတယ်။
မောင်ရစ် ၁၃ နှစ်သားမှာတော့ ရှင်သာမဏေ အဖြစ်
သွတ်သွင်းချီးမြှင့်ခံရသော်လည်း…ဖခင်ကြီးရဲ့ ကျန်းမာရေး အရ သာမဏေ ဘဝ
ကထွက်ကာ အိမ်မှူလုပ်ငန်းကို လုပ်ကိုင်ရပါတယ်။ ဖခင်ကြီး ဝေဒနာက
မလွတ်မြောက်နိုင်ဘဲ မကြာမီ ဆုံးပါး သွားတဲ့ အတွက် မိခင် နဲ့ ညီငယ် ..ညီမ
ငယ် တို့ကို ပင်ပန်းစွာ လုပ်ကျွေးပြုစုရပါတယ်။
မောင်ရစ်ဟာမဟုတ် မခံစိတ်ရှိသော်လည်း စေ့စေ့စပ်စပ် ပိပိရိရိ နေထိုင်တတ်သူ
ဖြစ်ပါတယ်။ မောင်ရစ်ဟာ ပြေးလွှားပြိုင်ခြင်း၊ မြင်းစီးပြိုင်ခြင်း ၊
လက်ဝှေ့ထိုးခြင်းတို့ ကို ၀ါသနာအလျောက် လေ့လာ တတ်ကျွမ်းပါတယ်။ နွားကျောင်း
သား အချင်းချင်း ကစားတာတောင်မှ စစ်တိုက်တမ်း ကစားပြီး သူက ဗိုလ်မှူး သဖွယ်
စီမံခန့်ခွဲ တတ်ပါတယ်။ ကစားရာမှ တစ်ဦးဦး ထိခိုက်မိရင်တော့ သူကိုယ်တိုင်
ယုယစွာ ပြုစုတတ်ပါတယ။် ဒါကြောင့်လဲ မောင်ရစ် ကို လူတိုင်းက ချစ်ခင်ကြပြီး
ရမ်းကားသူ များကတော့ ကြောက်ရွှံ့ရိုသေကြပါတယ်။ မောင်ရစ် လူလတ်ပိုင်း
အရောက်မှာတော့ ရွာမှာ သြဇာရှိသူ တစ်ဦး ဖြစ်လာပါတော့တယ်။
မောင်ရစ် အရွယ်ရောက်တဲ့အခါမှာတော့ ရှင်မင်းဘူး ဆိုသူ အမျိုးသမီးနဲ့
အိမ်ထောင်ကျပြီး သား မောင်ကျန်းကြီး ကို ဖွားမြင်ခဲ့ပါတယ်။ သားမယား တာဝန်
မိခင် နဲ့ ညီငယ် နှမငယ်များတာဝန်တွေ ပိလာတဲ့ အပြင် မိဘလက်ငုတ်
နှမ်းခင်းကလည်း အကျိုးမများတဲ့ အတွက် အလုပ်အကိုင်ရှာဖွေရန် သူ့ ရဲ့ အဘိုး
တော်သူ တံခါးမှူးကြီးရှိရာ အမရပူရကို တက်လာပါတော့ တယ်။
သွက်လက်ဖြတ်လတ်တဲ့ မောင်ရစ်ကို သဘောကျတော်မူတဲ့ အိမ်ရှေ့မင်း ဟာ
သူ့အိမ်တော်မှာ သာမန် အမှု.ထမ်း အဖြစ် ထမ်းရွက်စေပါတယ်။ မောင်ရစ် ဟာ
သွက်လက်ဖြတ်လတ် ရဲရင့်ပြီး လူပျိုတော် ၊ အထိမ်းတော်၊ ကိုယ်ရံတော်၊
အကြီးတော် ..စတဲ့ အမှုထမ်းတွေနဲ့ သင့်တင့်သူ ဖြစ်တဲ့ အတွက် အိမ်ရှေ့မင်းရဲ့
အိမ်တော်မှာ နာမည် ရပါသတဲ့။ အိမ်ရှေ့ မင်းဟာ မောင်ရစ်ရဲ့ စေ့ငှမှု၊
အကွက်တကျ စီမံဆောင်ရွက်တတ်မှု ၊ လုံ့လ ၀ီရိယ ရှိမှု တို့ကြောင့်
ကိုယ်ရန်တော် အဖြစ်ကို တိုးတက်ချီးမြှောက်ပါတယ်။ အဲသည် အချိန်မှာ မောင်ရစ်
ဟာ အသက် ၂၄ နှစ် မျှသာ ရှိပါသေးတယ်။
မောင်ရစ်ဟာ အိမ်ရှေ့မင်းရဲ့အမှုတော်ကို သစ္စာရှိစွာ နဲ့ မည်သူ့ ကိုမျှ
မငဲ့ကွက် တိကျစွာ အမှုတော် ထမ်းတဲ့အတွက် အိမ်ရှေ့ ကိုယ်တော်ကြီး အိမ်မှာ
ယခင်ကဲ့သို့ မဟုတ် ….ယခုအခါ ဘီလူး စောင့်နေတယ် အရမ်း ၀င်ထွက် သွားလာသမှု
မပြုကြနဲ့ လို့ပင် ပြောကြရတဲ့ အထိ ဖြစ်လာပါတော့တယ်။
သည်အတောအတွင်း သက္ကရာဇ် (၁၁၇၀) တန်ခူးလဆန်း(၁၄)ရက်မှာ မောင်ရစ် ရဲ့
အမှီသဟဲပြုရာ ရွှေတောင် ကြီးဖြစ်တဲ့ အိမ်ရှေ့စံ ကိုယ်တော်ကြီး
လူ့ပြည်ငြီးလို့ နတ်ထီးစံတော်မူရာ မောင်ရစ်လဲ ယူကြုံးမရ ၀မ်းနဲ ကြေကွဲရပါ
တော့တယ်။ တန်ခူးလပြည့်ကျော်(၇)ရက် နေ့မှာတော့ ဘိုးတောင်မင်းက
အိမ်ရှေ့စံအဖြစ် စစ်ကိုင်း မင်းကလေးကို အရိုက်အရာ ခံမည့်သူ အဖြစ်
အပ်နှင်းတဲ့ အခါ မောင်ရစ် ဟာ ရှေးကလောက် စိတ်လက်ပျော်ရွှင်မှု မရှိတော့
သော်လည်း တာဝန်များထမ်းဆောင်ရာမှာတော့ လစ်ဟင်းမှု မရှိစေခဲ့ပါဘူး။
မကြာမီ နှစ်အတွင်းမှာဘဲ အိမ်ရှေ့မိဘုရားက .စင်္ကြမင်းကလေး လို့ ထင်ရှားလာမဲ့
သားဦး ရတနာကို ဖွားမြင်ရာမှာ အတိတ် နိမိတ်လွန်စွာ ကြီးပြီး
တိုင်းပြည်မှာလည်း အုတ်အော် သောင်းတင်းမျှ ထင်ရှားလှပါတယ်။ ဤ သားတော်
ဖွားမြင်ပြီး မကြာခင် အိမ်ရှေ့မိဘုရား နတ်ရွာစံပါတော့ တယ်။
မောင်ရစ်ဟာ အိမ်ရှေ့မင်းရဲ့ အမှုကိစ္စများမှာ မလစ်ဟင်းစေရအောင် အမှုတော်ကို
ပင်ပမ်းစွာ ထမ်းရွက်သော်လည်း အိမ်ရှေ့မင်းက အထူးအထွေ ချီးမွမ်းစကား
အပြောမခံရတာကိုတော့ဖြင့် မကျေမနပ်ကလေး ဖြစ်နေခဲ့ပါတယ်။
ဘိုးတော် မင်းတရား မင်းကွန်း အလယ်ကျွန်းနန်းတော်မှာ
ယာယီစံတော်မူခိုက်..အိမ်ရှေ့မင်းက လျောင်းတော်ဦးမှာ ကြွမြန်းနေဆဲ အားလုံး
ခစားနေခိုက်မှာ နောက်ပိုင်းမှာ ရုတ်ရုတ်သဲသဲ ဆူဆူညံညံ ဖြစ်တဲ့အတွက်
အလှည့်ကျ ကိုယ်ရန် တော်များဟာ။ အိမ်ရေ့မင်းကို ကာကွယ်ရန်
အသင့်ဖြစ်နေဆဲမှာ..မောင်ရစ်ကို တုပ်နှောင်ဖမ်းဆီးပြီး ရှေ့တော်ကို သွင်းလာ
ကြပါတယ်။ ထိပ်တုံးခပ် ချုပ်နှောင်ထားစေ ..နောက်နေ့မှ ကိုယ်တော်တိုင်
စီရင်မည် ဆိုပြီး အမိန့် ရှိတော်မူပါတယ်။
နောက်တစ်နေ့မှာတော့ ရှေ့တော်မှောက်ရောက်တဲ့အခါ ..အိမ်ရေ့မင်းက မောင်ရစ်ကို
သေခြာ စူးစိုက် ကြည့် ပြီး …မောင်ရစ်ရဲ့ ရဲရင့်ဖြတ်လတ်ပုံ၊
သန်မာထွားကျိုင်းပုံ ၊ လုံ့လ ၀ီရိယ ရှိပုံ ၊ အမှူတော် ကျေပွန်ပုံ တို့ ကို
သတိရသော်လည်း အပြစ်ကျူးလွန် ထားသူ ဖြစ်သဖြင့် ငရစ် ဘယ်အတွက်ကြောင့် နန္ဒဗလ
ကို ထောင်းရိုက်ရ ပါသလဲ ယင်းအပြစ်မှာ မကြီးလှသော်လည်း ငါ့ ရေ့မှာ ဆူညံ
ထိတ်လန့်အောင် လုပ်ခြင်းဟာ ပြည်နှင်ဒဏ် နှင့် ကွပ်မျက်ရန် ထိုအကြောင်း သင်
မသိသလော …မေးတော်မူတော့။
အရှင်၏ ခမည်းတော် နတ်ရွာစံသည်မှ စ၍ အမှုတော်များ ထမ်းရွက်ခဲ့ရာ ဆုတော်
လာတ်တော် ရိက္ခာတော်များ မပြတ် ခံစားရပါသော်လည်း ငရစ် ဟူ၍တစ်ကြိမ်ခါမျှ
ခေါ်ယူ အရေးလုပ်တော်မူခြင်း မခံခဲ့ရပါ ..ကျွန်တော်မှာ နန္ဒဗလ အား စော်ကားလို၍
ထောင်းခြင်း မဟုတ်ပါ …ယခုမူကား …အရှင် မှ ငရစ် ဟုခေါ်တော်မူသည်ကို
ခံပြီးဖြစ်ပါသဖြင့် ကြီးလေးသော ရာဇဒဏ်ကို ခံယူရန် အသင့် ဖြစ်ပါပြီ ဘုရား
လို့ ရဲဝန့် စွာ တင်လျှောက်ပါသတဲ့။
အိမ်ရှေ့မင်းတရားလည်း ငါ၏ အမှုတော်ကို
ဦးလည်မသုန်သက်စွန့်ကျိုးပမ်းထမ်းရွက်မည့် ကျွန်ကောင်းတစ်ယောက် ငါ၏
ဘုန်းတော်ကြောင့် ပေါ်ပေါက်လာပေပြီ ဟု စိတ်တော်မှာ အသိအမှတ်ပြုပြီး
အတွင်းတော်ကို ၀င်တော်မူပါသတဲ့။
နောက်တစ်နေ့မှာတော့ မောင်ရစ်ကို အကျဉ်းမှ လွှတ်၍ ထမ်းမြဲအမှုတာဝန်ကို ထမ်းစေ
အမိန့်တော် ကျလာလို့ အများကတောင်မှ အံ့အားသင့် ကြပါသတဲ့။ ဘိုးတော်မင်းတရား
အလယ်ကျွန်း ယာယီစံနန်းက ပြန်ကြွအလာမှာ အိမ်ရေ့မင်းက မောင်ရစ်အကြောင်းကို
လျှောက်ထားရာမှာ မင်းတရားကြီး နှစ်ခြိုက်တော်မူတဲ့ အတွက် ဗြဲတိုက်
သံတော်ဆင့်အရာ …ကို တိုးတက်ခန့်ထားပါတယ် ….သက္ကရာဇ် ၁၁၇၅ ခုနှစ်၊ တယုန်လ မှာ
သံတော်ဆင့် ရာထူးကနေ ဒီပဲယင်း မြို့ဝန် ရာထူးကို နေမျိုးသူရရဲခေါင်
ဘွဲ့နှင့် ချီးကျူးခန့်အပ်တော်မူပါတယ်။
မဏိပူရ ကသည်းပြည် စော်ဘွားကြီး ဂျေဆင်း ကွယ်လွန်လို့ သားတော်နှစ်ပါး
ထီးနန်းလုကြတဲ့အခါ အကြီး ချော်ဂျစ်ဆင်း က ထီးနန်းရပြီး အငယ် မာဂျစ်ဆင်း
အရေးနိမ့်လို့ ဘိုးတော်ဘုရားထံ လက်ဆောင်နှင့်တကွ ခိုဝင်တဲ့အခါ
…ဘိုးတော်မင်းတရားကလည်း မြန်မာမင်းလက်အောက်ခံ အခွန်ဘဏ္ဍာဆောင်
တိုင်းပြည်ဖြစ်တာကြောင့် ချော်ဂျစ်ဆင်း ကို ခေါ်ယူသော်လည်း ချော်ဂျစ်ဆင်း က
မလာတဲ့အပြင် ..အက္ကပတ် စစ်ဗာရီတို့ကို ငှားပြီး မြန်မာတို့ ချီတက်မယ် ထင်တဲ့
လမ်းကြောင်းများကို ပိတ်ဆို့စေပါတယ် ..သားမယားများကိုလည်း အက္ကပတ်ကို
ပို့ထားလိုက်ပါတယ် …ဒါကို ဘိုးတော် ဘုရားက သိတော့ ….ဒီပဲယင်းမြို့ဝန်
နေမျိုးသူရရဲခေါင် တပ် ပါဝင်တဲ့ တပ်ပေါင်း နှစ်ဆယ်မှာ ရဲမက်လက်နက်ကိုင်
နှစ်သောင်း ၊ မြင်း တစ်ထောင့်ငါးရာ နဲ့အတူ ဗိုလ်ချုပ် နေမျိုးမင်းလှ
မဟာနော်ရထာကို ခန့်ပြီး ၁၁၇၅ ခု ၊ တပိုတွဲလပြည့်ကျော်(၁၁)ရက်နေ့ မှာ
ချီတက်စေပါတယ်။
ချော်ဂျစ်ဆင်း ကလည်း မဏိပူရကနေ ခရီးတစ်သောင်းအကွာ တက်စိန် အရပ်မှ
မြေကတုတ်တည်ပြီး အခိုင်အမာ ရင်ဆိုင်ဘို့ စီရင်ပါတယ်။ မြန်မာတို့ကလည်း
နတ်ကျွန်းအောင်မြေကိုရောက်တော့ တပ် လေးတပ်၊မြင်း ငါးရာ၊
စစ်သည်သူရဲငါးထောင်နဲ့ သလ္လာသတီမြစ် ကိုဖြတ်ပြီး မလိမ်ခွေးပူကြောင်း တစ်ဌာန၊
ဗိုလ်ချုပ်နှင့်တကွသော နေမျိုးသူရရဲခေါင်တို့ပါ တပ်ပေါင်း
တစ်ဆဲ့ခြောက်ဌာနကို အမူး ပန်းသာ တစ်ဌာန ….ဖြင့် နှစ်ကြောင်းနှစ်ဌာနခွဲပြီး
ချီတက်ကြပါတယ်။
တမူးရောက်တဲ့အခါ ဆပ်ငါးတပ်ကို ဆူးပုံကြောင်း မှ ခွဲပြီးချီစေခဲ့ရာ
ဒီပဲယင်းမြို့ဝန် နေမျိုးသူရရဲခေါင် ပါဝန်တဲ့ ဆူးပုံကြောင်း တပ်ဟာ
..အိုင်မွန်ချောင်းရွာအနီး ..တောစပ်မှာ ကသည်းအမတ်ကြီး ဟာစာရီ ဦးစီးတဲ့
ကသည်းတပ်နဲ့ ရင်ဆိုင်တွေ့ကြရာ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်
..မြန်မာတပ်များကို ခါးလည် မှ အတိုက်ခံရသော်လည်း မကြောက်မရွံ့ ဆုတ်ခံခံကြရာ
မြန်မာတပ်ရဲ့ စစ်အခင်းအကျင်း ဟာ (ဗ) ဗထက်ချိုင့် သဏ္ဍာန် ရှိတယ်လို့
ဆိုပါတယ် ..
နေမျိုးသူရရဲခေါင်ဟာ လက်က်ျာဘက်မှနေပြီး မိမိဘက်မှ နောက်မဆုတ်ရလေအောင်
ကွပ်ကဲရင်း ရန်သူ အခြေအနေကျု ကြည့်ကာ တိုက်ခိုက်လျက်ရှိပါတယ်၊ ကသည်းတို့
ကလည်း ဆုတ်ခံခံနေတဲ့ မြန်မာတပ်တို့ကို ရှေ့မဲပြီး ဖိတိုက်နေဆဲမှာပင်
နေမျိုးသူရရဲခေါင်ဟာ ကသည်းတပ်ရဲ့ ခါးလည်ကို ဖြတ်တိုက်ပါတော့တယ် ..ကသည်းတပ်
ခါးပြတ်သွားပြီး ဆန်ကွဲ ကြဲသကဲ့သို့ ရှိစဉ် မြန်မာတပ်များက လိုက်လံ
တိုက်ခိုက်ကြပါတယ် …အနည်းငယ်သော ကသည်းတပ်သားတို့သာ
အိုင်မွန်ချောင်းကြီးထဲသို့ အသက်မသေဘဲ ရောက်ကြတယ်လို့ ဆိုပါတယ် ။
သည့်နောက်မှာတော့ ..ဗိုလ်ချုပ်ဟာ တပ်ပေါင်းဆဲ့ရှစ်တပ်နဲ့ တကွ
စစ်သည်သူရဲတစ်ထောင့်ငါးရာနှင့် ၀န်းသိုမြို့ဝန်ကို လင်္ကျာကြောင်း၊
စစ်သည်သူရဲတစ်ထောင့်ငါးရာနှင့် မြေဒူးမြို့ဝန်ကို လက်ဝဲကြောင်း၊
စစ်သည် သူရဲသုံးထောင်နှင့် ဒီပဲယင်းမြို့ဝန် နေမျိုးသူရရဲခေါင်ကို
အလယ်ကြောင်း စစ်သုံးကြောင်းဖြန့်ပြီး ကသည်းစော်ဘွားရဲ့ ကက်စိန်တပ်ကို
ချီတက်ချဉ်းကပ်စေပါတယ်။
ကသည်းစော်ဘွားကလည်း ဆင်စီးလျက် ဆက်ရံ သုံးဆယ်၊ မြင်းတစ်ထောင် ၊ စစ်သည်ရဲမက်
တစ်သောင်း နှင်ကအတူ ဆီးကြိုတိုက်ခိုက်ပါတယ်။ တပ်မှူးများအားလုံးကလည်း
နေမျိုးသူရရဲခေါင် ရဲ့ ကြီးကြပ်ကွပ်ကဲမှုအတိုင်း နာခံ တိုက်ခိုက်ကြရာ
နေမွန်းတဲ့ ချိန်လောက်မှာ ကသည်းတို့ ဆုတ်ခွာပြီး ခုခံကြပါတော့တယ်။
ကသည်းတို့ရဲ့ ကက်စိန်တပ်ဆိုတာ တောင်နှစ်လုံးကို ပိတ်ဆို့ ဆောက်လုပ်ထားတဲ့
တပ်ဖြစ်လို့ များစွာခိုင်ခန့် စိတ်ချရတဲ့ တပ် ဖြစ်ပါတယ် ..မြန်မာ ရဲမက်တို့
ကလည်း မိုးသီးမိုးပေါက် အဆက်မပြတ်လာတဲ့ လက်နက် ခဲယမ်းများကို အမှုမထားဘဲ
တပ်တံခါးကို အတင်း ၀င်ရောက် စီးနင်းကြရာ နေ၀င်ချိန်မှာ တပ်တွင်းကို
စီးနင်းသိမ်းပိုက်ပြီးဖြစ်ပါတော့တယ်။
ကက်စိန်တပ်မှ နှစ်တိုင်ကျော် အကွာအထိ လိုက်လံ တိုက်ခိုက်တယ်လို့ ဆိုပါတယ်။ စော်ဘွားကိုတော့ မမိလိုက်ပါဘူး။
နောက်တော့ ကသည်းပြည်ကို နေသားတကျစီရင်ပြီး စော်ဘွားညီတော် မာဂျစ်ဆင်း ကို
ဘုရင့်အမိန့်တော်အတိုင်း နန်းတင်ပြီး နေပြည်တော်ကို ပြန်ခဲ့ကြပါတယ်။
သည်တိုက်ပွဲမှာ နေမျိုးသူရရဲခေါင်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို
ပြသနိုင်ခဲ့ပါတယ်။ ထို့နောက် …မဟာဗန္ဓုလ ဘွဲ့ကို ရရှိစေမဲ့
…ဝေသာလီတိုက်ပွဲကို ဆင်နွဲရပါတယ် ။ ဝေသာလီတိုက်ပွဲမှာ နေမျိုးသူရရဲခေါင်ဟာ
ဗိုလ်မှူးငယ် ဖြစ်သော်လည်း စစ်ကဲကြီးတို့ နည်းတူ စီမံခန့်ခွဲ
အုပ်ချုပ်နိုင်တာကိုလည်းတွေ့ရပါတယ်။ တိုင်းပြည်ကို ပြန်ရောက်တဲ့ အခါမှာလည်း
မင်းတရားကြီးက ရွှန်လန်းနှစ်သက်စွာ ချီးကျူးစကား မိန့်ကြားပါတယ်။
နောက်နှစ်နှစ်ခန့် အကြာမှာ ဘိုးတော်မင်းတရားကြီး အညာသီဟတောမှအပြန်
ကိုယ်တော် မခန့်မကျန်းရှိရာမှ အထမမြောက်ဘဲ နတ်ရွာစံရာ ၁၁၈၁
ခုနှစ်၊နယုန်လမှာ မြေးတော် အိမ်ရှေ့ဥပရာဇာ စစ်ကိုင်းမင်း နန်းတက်တော်
မူပါတယ်၊ စစ်ကိုင်းမင်းသား နန်းတက်လို့ ချီးမြှင့်ထိုက်သူတွေကို
ချီးမြှင့်ရာမှာ နေမျိုးသူရရဲခေါ်င်ဟာ ဆုတော်ငွေ ကျပ် တစ်ထောင် ချီးမြှင့်
ခံရပါတယ်။
နေမျိုးသူရရဲခေါင် ဆုငွေ တစ်ထောင် ချီးမြှင့်ခံရတဲ့ အခမ်းအနားမှာ သူ့ရဲ့
အထောင်းအထု ခံရသူ နန္ဒဗလ ကတော့ ဆုငွေ ငါးတယ် ကျပ်သာ အချီးမြှင့်
ခံခဲ့ရပါတယ်။ နောက်များ မကြာမီမှာဘဲ ဒီပဲယင်းမြို့ထက် ကြီးတဲ့
အလုံးမြို့ဝန် အဖြစ် ခန့်ထားတာကို ခ့ရပါတယ်။ စစ်ကိုင်းမင်း သီရီပ၀ သုဓမ္မ
မဟာရာဇာဓိရာဇာ ဘွဲ့ နာမ ခံတော်မူရာ သင့်လျော်ရာသူတို့ကိုလည်း
သူကောင်းပြုပါတယ်။ အလုံမြို့ဝန် နေမျိုးသူရ ရဲခေါင်ကိုလည်း မင်းကြီး
မဟာဗန္ဓုလ ဘွဲ့ပေးတော် မူပြီး ချီးမြှောက်တော်မူခဲ့ပါတယ်။
No comments:
Post a Comment