Wednesday, July 16, 2014
*ညောင်ကန်ဆရာတော် ဦးဗုဓ်*
မယ်နု ။ ။ဤနေ့ကား ဆရာတော်ဘုရားကို
နောက်ဆုံး ဖူးမျှော်ကန်တော့ခြင်း
ဖြစ်ကြောင်းပါ ဘုရား။
ဦးဗုဓ် ။ ။မိနု၊ သူ့ကြွေးရှိလျှင် ဆပ်ရလိမ့်မည်။
အင်းဝမြို့ကောင်းစားစဉ်က ဖန်နန်းရှင်ခေါ် ဘကြီး
တော် စစ်ကိုင်းမင်းနှင့် မိဖုရားခေါင်မယ်နုတို့က
နန်းမြို့တွင်း အုတ်ကျောင်းတော်ကြီးဝယ် တင်
ထားကိုးကွယ်သော ဆရာတော်ကား ညောင်ကန်
မှ နာမည်ကျော် ဦးဗုဓ်ဖြစ်သည်။
ခေတ်အလိုက် ဗန်းစကားနှင့်ဆိုရသော် သူ့ကို
ဦးဗုဓ် မခေါ်ဘဲ ဦးဘု ဟု ဆိုလျှင် သူ့ဝသီနှင့် ကိုက်
ညီမည်။အဘယ်ကြောင့်ဆိုသော် ဆရာတော်
သည် စကားပြော နည်းပါး၏။ အမြဲတမ်း စာဖတ်
ခြင်း၊စာရေးခြင်းကိုပြုနေတတ်၏။ အကြောင်းမဲ့
သူ့ကို ချဉ်းကပ်သူများကို မလိုအပ်သော အနိဋ္ဌာ
ရုံ အနှောက်အယှက်များဟု ယူဆ၏။ သာသနာ
ပိုင်ကို လည်းကောင်း ၊ ဘုရင်နှင့်မိဖုရားကိုလည်း
ကောင်း ခပ်ပြတ်ပြတ် ဆက်ဆံ၏။ စကားကို လို
သည်ထက် ပိုမပြောချေ။ တရားကိုလည်း အပို မ
ဟောချေ။ ထို့ကြောင့် သူ့ကို အလွန် ဘုကျသော
ခွ ကလန့် ဆရာတော် ဟု ယူဆကြောက်ရွံ့ကြ၏။
စာပေ ပရိယတ္တိမပြတ်မလပ် ကြည့်ရှုခြင်း၊ပို့ချ
ခြင်း၊ ကျမ်းပြုခြင်း အလုပ်ဖြင့်သာ အချိန်ကုန်၏။
ပေတစ်ချပ်ကို ၃-ကြိမ်ကြည့်မိလျှင် အာဂုံ ရသည်။
ရဟန်း ၂-ဝါအတွင်း ဝိနည်း ၅-ကျမ်းကို အာဂုံ ရ
သည်။ပိဋကတ် ၃-ပုံကို အာဂုံဆောင်နေသော်
လည်း သူများ မသိရချေ။
ဆွမ်းစားရာ၌ ဆွမ်းပွဲတစ်ဖက်၌ရှိသော ဟင်း
ခွက်များကို လျှပ်ပေါ်ကာ လှန်းကျော်၍မနှိုက်၊ မိမိ
ဘက် နီးရာဟင်းခွက်ကိုသာ ကောင်းဆိုးမရွေးမူ၍
ဘုန်းပေးတော်မူ၏။
တစ်ကြိမ်က ညောင်ကန်တွင် ကျောင်းတိုင်ကို
မှီ၍ စာကြည့်စဉ် မိုးရွာပြီး ကျောင်းကို မိုးကြိုးပစ်ရာ
ဦးဗုဓ်က စာကြည့်မပျက်ချေ။တိုင်ကိုမှီလျှက်ပင်။
ထိုတိုင်လည်း ယခုတိုင် ရှိနေ၏။
ဒူလာရောဂါ စွဲကပ်စဉ် နေ့ရောညပါ ကုဋီထဲ၌
နေရသောအခါ ကုဋီနံရံ၌ သင်ပုန်းလုပ်ပေးရသည်
တပည့်များက သူရေးပြီးစာများကို နေ့တိုင်း ကူးရ
ဖျက်ရ၏။ သို့နှင့် ဂါထာ ၄၀၀-ရေးပြီးခဲ့သည်။
သက်တော် ၅၅-တွင် ကျမ်းပေါင်း ၅၀-ပြုစုနိုင်ခဲ့
သည်။ မြန်မာသာသနာဝင်၌ ဗုဓ်အစ(ဗုဒ္ဓ)။ ဗုဓ်အ
လယ်(ရှင်ဗုဒ္ဓဃောသ)။ ဗုဓ်အဆုံး(ဦးဗုဓ်)ဟူ၍ဆို
ရိုးရှိခဲ့သည်။
*ဆရာတော် နှင့် မယ်နု*
နန်းမတော်မယ်နုက ဆရာတော်သစ် ရှာနေ
ချိန်၌ တဘောင်တစ်ခုပေါ်လာရာ အမတ်ကြီး ဦး
ပေါ်ဦးက မိဖုရားကြီးသို့ ရွတ်ဆိုပြသည်။
နေဝင်လို့ မိုးချုပ်
ရွှေဘုတ်ကအီ
ပူစီတဲ့လေး။
သာသနာ
ဝါယမာ တစ်ဖန်ထုတ်ရန်ပ
ရွှေဘုတ်ရယ် မယ့်ဆံထုံးမှာ
နားလှည့်ပါဦး။
ထိုတဘောင်ကို မယ်နုက များစွာနှစ်ခြိုက်ကာ
ရှည်ရှည်ဝေးဝေး မေးမြန်းမနေတော့ဘဲ ဦးဗုဓ်ကို
ချက်ချင်း ပင့်ဖိတ် တော့သည်။ ဦးဗုဓ်က သူကြွချင်
သောအချိန်၌လာခဲ့မည်ဆိုကာ တစ်နေ့သ၌ မြင်းမူ
ထိ တစ်ကိုယ်တည်း ကြွသွား၏။ ထိုမှ နေပြည်
တော်မှ ကြိုဆိုသူတို့နှင့်တွေ့ကာ နန်းတွင်းအုတ်
ကျောင်းသို့ ရောက်ရှိလေ၏။
ဘုရင်နှင့်မိဖုရားတို့က ဆရာတော်ဦးဗုဓ်သို့
အုတ်ကျောင်းကြီး ကပ်လှူသောနေ့က. ဘုရင်နှင့်
မိဖုရားအမှုးရှိသော ပရိသတ်က ဩကာသ ရွတ်
ဆိုကာ ကန်တော့ခန်း ပြီးဆုံးချိန်၌ ဆရာတော် ဦး
ဗုဓ်က ဆုမပေးဘဲနေ၏။ အနီးရှိ ကိုယ်တော်က
ကိုဗုဓ်ကတော့ လုပ်ရော့မဗျ ။အခုမှ စ ကာရှိသေး
ဘာများ အလိုမကျတယ်မပြောတတ်ဘူး ဟု
ညဉ်းတွား၏။
အတန်ကြာမှ ရှိခိုး ဝတ်ချတယ်ဆိုတာ ကျမ်းဂန်
ကတော့ ပဉ္စပတ်ဠိတ လို့ ခေါ်တယ်ဟု မိန့်တော်မူ
၏။ ထိခြင်း ၅-ပါး ပြုရသည်ကို ဆိုလို၏။
ဤတွင် နန်းမတော်မယ်နုက ရှင်ဘုရင်၏ တံ
တောင်ဆစ်အောက်၌ရှိသော ကတ္တီပါ ခေါင်းအုံး
ကြီးကို ဖယ်လိုက်ပြီးမှ ထပ်၍ ကန်တော့ခန်း ရွတ်
ဆိုကြရသည်။ ယခုအကြိမ်၌ကား ပဉ္စပတ်ဠိတ
ဝန္ဒနာ, အရ လူ၏ ခြေ ၂-ဖက်၊ လက် ၂-ဖက် နှင့်
ဦးခေါင်း ၁-၊ (ပေါင်း ၅-) တို့ကို မြေနှင့် ကြမ်းပြင်၌
တည်စေ၍ ရှင်ဘုရင်ပါ ရှိခိုးကြလေသည်။
သီလပေးပြီး၍ သြဝါဒ ပေးတော်မူပါ ဘုရား ဟု ဘုရင်က တင်လျှောက်ရာ ဦးဗုဓ်က မင်းကျင့်
တရားတို့နှင့်အညီကျင့်ပါက ငါတို့က ဆုံးမ ဩဝါဒ
ပေးရန်မလို ။ မင်းနှင့်တူအောင် မကျင့်က ငါနှင့်မ
ဆိုင်၊ အဝီစိနှင့်သာ ဆိုင်သည်။ ဟု မိန့်တော်မူ၏။
မိဖုရားခေါင်ကြီး မယ်နုက တပည့်တော်မသည်
ဤ အုတ်ကျောင်းကြီးကို ငွေ ၃-သိန်း အကုန်ခံ
ဆောက်လုပ် လှူဒါန်းခဲ့ခြင်းဖြစ်သည် ။ ဖလံခုံရွာ၌
လည်း တစ်သိန်းတန်ကျောင်းကြီး ဆောက်လုပ်
လှူပါသည်။ သို့သော် အလှူဒါန၌ တင်းတိမ်သည်
မရှိပါဘူး။ ဒါန၏ အကျိုးတရားများကိုလည်း ဟော
တော်မူစေချင်ပါသည် ဟု လျှောက်တင်၏။
ထိုအခါ ဆရာတော်က ဖလားတစ်ခုနှင့်ရေခပ်
စေသည်။တစ်ဖန် ထိုရေကို သွန်စေသည်။
ရှုလော့၊ ယခုသွန်ပစ်သောရေသည် လှူရာပါ
ပစ္စည်းနှင့် တူ၏။ ဖလား၌ ကပ်၍ ကျန်ရစ်သောရေ
သည် မိမိအတွက် ရရှိသော ကုသိုလ်နှင့်တူ၏၊,ဟု
မိန့်တော်မူသည်။
*
တစ်ကြိမ်က ဆရာတော်ဦးဗုဓ်ကို ဆွမ်းကပ်ပြီး
မယ်နုက တပည့်တော်မ ကို ၅-ပါးသီလ ပေးပါဘု
ရား,ဟုလျှောက်၏။ ဆရာတော်က ကိုယ်တိုင် ရွတ်
ဆို၍ ဆောက်တည်လေ,ဟု မိန့်တော်မူ၏။
*
တစ်ကြိမ်က ကျောင်းတော်သို့ ဖန်နန်းရှင်
ရောကိရှိချိန်တွင် ဆရာတော်က တံမြက်လှည်းနေ
ခိုက် ဖြစ်၏။ မင်းစေတစ်ဦးက ဆရာတော်ထံ ချဉ်း
ကပ်ကာ ကျောင်းပေါ်ကြွရန်လျှောက်တင်ရာ ဆ
ရာတော်က နင်တို့ ရှင်ဘုရင် လာတာကို ငါက
အာဂန္တုက ဝတ်ပြုရဦးမှာလား,ဟု ပြန်ပြောသဖြင့်
ရှင်ဘုရင်ကပင် ဆရာတော် တံပြက်လှည်းရာသို့
လာရောက် ကန်တော့ရသည်။
ရှင်ဘုရင်က နိဗ္ဗာန်ရောက်ကြောင်း တရား အ
တိုချုပ် ဟောတော်မူပါ ,ဟု လျှောက်တင်ရာ ဆ
ရာတော်က အောက်ပါ ဂါထာကို ရွတ်ဆိုလေ
သည်။
ဟန္ဒ ဒါနိ ဘိက္ခဝေ
အာမန္တ ရာမိ ဝေါ
ဝယဓမ္မာ သင်္ခါရာ
အပ္ပမာဒေန သမ္ပာဒေထ,
*
တစ်ကြိမ်က နန်းတော်၌ ပရိတ်ရွတ်ပွဲ ရှိရာ ရှင်
ဘုရင်နှင့်တကွ ပရိသတ် စုံသော်လည်း နန်းမ
တော်ကြီး မရောက်သေး၍ ခေတ္တစောင့်ပါရန် အ
ပါးတော်မြဲ တစ်ဦးက လျှေက်ရာ ဆရာတော်က
နန်းမတော်ပါမှ အန္တရာယ်ကင်းမှာလား,ဟု မိန့်ဆို
၏။ ထို့ကြောင့် ရှင်ဘုရင်က. ကန်တော့ကြပါ, ဆို
ကာ နန်းမတော်ကြီးမပါဘဲ ကန်တော့ကြရလေ၏။
*
တစ်ကြိမ်ကလည်း ဆရာတော်ကြီးများကို နန်း
တော်သို့ပင့်ရာ ဦးဗုဓ်က မကြွလာသဖြင့် အရှင်ဘု
ရား မပါလျှင်မပြီးပါ၊ အရှင်ဘုရားကို ပဓာနထား၍
ပင့်ပါသည်။ တပည့်တော်တို့ကို ငဲ့ညှာ၍ တစ်ကြိမ်
တစ်ခါ ကြွတော်မူပါ,ဟု မဟာဒါန်ဝန်က ပင့်လာ၏
ထို့ကြောင့် နန်းတော်သို့ ဆရာတော်လိုက်ပါခဲ့
ရာ ရှင်ဘုရင်ကိုမမြင်သဖြင့် မင်းတို့ ရှင်ဘုရင်က
ဘယ်မှာတုံး, ဟု မေး၏။ ထွက်တော်မူ မလာသေး
ကြောင်းလျှောက်တင်ရာ မင်းတို့ ရှင်ဘုရင် ထွက်
လာအောင် ဘယ်မှာစောင့်နိုင်မှာလဲ၊ စိတ္တံ-စိတ်တဲ့
ကွယ့်၊ အဲဒါပဲလို့ ပြောလိုက်ကြ, ဆိုကာ ပြန်ကြွ
သွားလေသည်။
*
တစ်နေ့သ၌ ဆရာတော်ထံသွားကြရန် နန်းမ
တော်က ရှင်ဘုရင်ကို ဆွဲဆောင်၏။
ဘုရင်။ ။ကျောင်းသွားရတာ ဆရာတော်က
စကားလည်း မပြော ၊ တရားလည်း ရှည်
မဟော ၊ ခြောက်ကပ်ကပ်ကြီး ရှိလှ
တယ် နှမတော်။
မယ်နု။ ။စိတ်ချပါ မောင်တော်၊ ယနေ့ ဆရာတော်
စကားပြောအောင် နှမတော် ကြံဆောင်
ပါ့မယ်။ သမီးတော်ကလေးလည်း ခေါ်
သွားမယ်။
မယ်သဲခေါ် ဆင်ဖြူမရှင်လောင်း သမီးတော်
လေးမှာ ထိုအချိန်က နှစ်နှစ်သမီးအရွယ်တွင် အ
လွန် ဆော့တတ်နေချေပြီ။ အုတ်ကျောင်းတော်သို့
ရောက်သော် ဆရာတော်ကို ကြောက်ရွံ့ရမှန်း မ
သိ ။ ဟိုပြေး ဒီသွားနှင့် ဘုန်းကြီး၏ ရွှေကလပ်ပေါ်
မှ ပေစာများကို ဆွဲယူသည်။
ဆရာတော်။ ။ဟဲ့...ဟို အနားက တချောက်
ချောက်နဲ့ ဘယ်ကဟာကလေးလဲ။
မယ်နု ။ ။သမီးတော်ကလေးပါဘုရား။
ဆရာတော်။ ။သမီးတော်ကလေးကဖြင့် တယ်
လည်း ကမြင်းသကိုး။
နန်းမတော်ကြီးက အလိုက်သိစွာ သမီးတော်
ကလေးကို ခေါ်ယူ ပွေ့ချီကာ ဘုန်းကြီးကို ကန်
တော့၍ ပြန်ထွက်ကြ၏။ ကျောင်းအောက်သို့
ရောက်ရာ ဘုရင်နှင့်မိဖုရား တဝါးဝါး ဝမ်းမြောက်
နေကြ၏။
ဘုရင် ။ ။ဆရာတော် ငါတို့ကိုသာ စကားမပြော
တာ သမီးတော်လေးကိုတော့အပြော
သားပဲ ။ ဟား.....ဟား။
မယ်နု ။ ။ဒါကြောင့် သူ့ကို တမင်ခေါ်ခဲ့ရတာပေါ့၊
ကနေ့တော့ ကျောင်းလာရကျိုး နပ်ပါ
ပေတယ်။
ညိုမြ
ကုန်းဘောင်ရှာပုံတော်
(ဆက်ပါဦးမည်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment